(၂၂.၂.၂၀၁၈)နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် လားရှိုးမိုတယ်ခန်းမ၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒု-ပြည်နယ်ထွေ/အုပ်မင်းကြီး၏ဇနီးမှ အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြာရာတွင် “ဒေသလိုအပ်ချက်များကို ဒေသ (MWCDF)အဖွဲ့ဝင်များနှင့်အတူ လက်တွဲဆောင်ရွက်သွားပါမည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကို လက်တွေ့ကျကျ ဆက်လက်ဆောင်ရွက်ပါမည်”ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဒေါက်တာနန်းကိန်ဖောင်းတစ်မှ အသင်း၏ ဒေသလှုပ်ရှားမှုများကို ရှင်းလင်းပြောကြား ခြင်းနှင့် အခမ်းအနားတွင် MWCDF အသင်း Documentary Film ပြသခြင်း၊ MWCDF အသင်း(ဗဟို)ဥက္ကဋ္ဌမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDFဥက္ကဋ္ဌထံ အဖွဲ့ဝင်အဆိုပြုလွှာများ၊ အလှူငွေနှင့် အသင်းတီရှပ်၊ အသင်းတံဆိပ်များအားပေးအပ်ခြင်း၊ “အလင်းအိမ်မိဘမဲ့ကျောင်း”နှင့် “ချစ်ခြင်းမေတ္တာဂေဟာ”မှ မသန်စွမ်းကလေးငယ်များအား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ အလှူရှင်များမှ အသင်းသို့ အလှူငွေများပေးအပ်လှူဒါန်းရာ MWCDFအသင်း (ဗဟို)ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ လက်ခံရယူပြီး အလှူရှင်များအား အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ ဒေသခံအဖွဲ့ဝင်များနှင့် ဒေသတွင်ဆောင်ရွက်မည့်အချက်များအား ဆွေးနွေးမှုများပြုလုပ်ခြင်း၊ ဒေသခံအဖွဲ့ဝင်များ၏ သိရှိလိုသောအချက်များအား အသင်းCECများမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြပါသည်။