(၁၀.၃.၂၀၁၈)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ MWCDF(ရုံးချုပ်)၌ စတုတ္ထအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူ(၄၀)ဦးတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် MWCDFအသင်း ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး ဒေါ်မေမြင့်မောင်မှ အသင်းအကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခြင်း၊ အ.ထ.က(၁၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်လှမှ အမှာစကားပြောကြားခြင်းနှင့် သင်တန်းဆရာ ဦးမင်းစိုးသူရမှ နှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းသား/သူများနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူး၍ သင်တန်းအား ဆက်လက်သင်ကြားခဲ့ပါသည်။
နွေရာသီအင်္ဂလိပ်စာ(Elementary Level)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း