ရတနာစံပြ(ဘုန်းတော်ကြီးသင်မူလတန်းလွန်)ကျောင်း၌ ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲကျင်းပခြင်း

(၁၃.၃.၂၀၁၈)နေ့၊ နံနက်(၀၈းဝ၀)နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ သဲကျွန်းကျေးရွာ၊ ရတနာစံပြကျောင်းတိုက်၊ အမှတ်(၅)ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပခဲ့ပါသည်။
အခမ်းအနားကို တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက နမောတဿ(သုံးကြိမ်) ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ကုသိုလ်ဖြစ်ဆေးခန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှ ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာသက်ကိုအောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ရတနာစံပြကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန ္တနန္ဒိယ(သဒ္ဓမ္မ ဇောတိကဓဇ)မှ သြဝါဒ မိန့်ကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်း ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးမှ အသင်းအကြောင်း၊ အသင်း၏ရည်ရွယ်ချက်၊ ၂၀၁၃ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ ရတနာစံပြ(ဘ.က)ကျောင်းအား လှူဒါန်းခဲ့မှုများနှင့် ဆေးခန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အစီအစဉ်အရ ကုသိုလ်ဖြစ်ဆေးခန်းအား အထူးကုဆရာဝန်ကြီးများ၊ ကျောင်းထိုင်ဆရာတော်နှင့် MWCDFဒုဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် ကုသိုလ်ဖြစ် ဆေးခန်းအတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ရတနာစံပြ(ဘုန်းတော်ကြီးသင်မူလတန်းလွန်)ကျောင်း၌ ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲကျင်းပခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: