ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌ပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတွင် MWCDFအသင်းမှ ပြည်သူလူထုအသိပညာပေးရေးဆိုင်ရာ ပြခန်းခင်းကျင်းပြသခြင်း

၂၀၁၈ခုနှစ်၊ မတ်လ(၁၇)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာMWCDFအသင်းမှ CECများနှင့် တိုင်း/ပြည်နယ်များမှ အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ် “အမျိုးသမီးများ ဘဝမြှင့်တင်ဖို့ ကျေးလက်နှင့် မြို့ပြတက်ကြွလှုပ်ရှားသူများပူးပေါင်းလို့ ယခုပင်ကြိုးပမ်းကြပါစို့ “ ကို ဂုဏ်ပြုသောအားဖြင့် “ရင်ခွင့်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးလှုပ်ရှားမှု” ရန်ပုံငွေပွဲတော်ကြီးနှင့်စျေးရောင်းပွဲတော်တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ပါဝင်ပြသသော ပြည်သူလူထု အသိပညာပေးရေးဆိုင်ရာပြခန်း၌ တိုင်း/ပြည် နယ်များတွင် Solarမီးဖြင့် ကျေးလက်ဒေသမီးလင်းရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ခင်းကျင်းပြသခြင်းနှင့် ပြခန်းသို့ လာရောက်လေ့လာကြသူများ၏ သိလိုသည့်အကြောင်းအရာများအား အသင်း CECများနှင့် အဖွဲ့ဝင်များမှ ရှင်းလင်းဖြေကြားခြင်းနှင့် ဗဟုသုတရရှိစေရန် အသိပညာပေးရေးဆိုင်ရာများအား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌ပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတွင် MWCDFအသင်းမှ ပြည်သူလူထုအသိပညာပေးရေးဆိုင်ရာ ပြခန်းခင်းကျင်းပြသခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: