(၁၀.၃.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာသို့သွားရောက်၍ ကျေးရွာစာကြည့်တိုက်တွင် ကျေးရွာအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ကျေးရွာပတ်ဝန်းကျင်သန့်ရှင်းလှပစေရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်ကြရန်အတွက် အသင်းအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ဆွေးနွေးခဲ့ကြပါသည်။ အသင်းCECများမှ မအူလေးပင်ကျေးရွာအား အမှိုက်ကင်းစင်စံပြကျေးရွာ ဖြစ်လာစေရန်အတွက် အသင်းအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူပူးပေါင်း၍ စတင်လုပ်ဆောင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
ဆက်လက်၍ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် မအူလေးပင်ကျေးရွာတွင် အသင်းမှ ထောက်ပံ့ကူညီပေးလျက်ရှိသော မသန်စွမ်း ညီအစ်မ(၂)ဦးနေအိမ်သို့ သွားရောက်၍ ကျန်းမာရေးအခြေအနေနှင့် နေထိုင်စားသောက်နေမှုများအားမေးမြန်း၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။