နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်ပွဲကျင်းပခြင်း

(၂၄.၃.၂၀၁၈)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ MWCDF(ရုံးချုပ်)၌ နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level)သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က(၁၂)၊ အ.မ.က(၃)၊ သစ်ဝင်တိုင်းရွာ(အ.မ.က)၊ အ.လ.က(ဗိုလ်ရွေး)ကျောင်းတို့မှ ကျောင်းဆရာ/မ(၂၅)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် MWCDFအသင်း ဒုတိယဥက္ကဋ္ဌဒေါ်စုညွန့်ဦးမှ နှုတ်ခွန်းဆက် အမှာစကားပြော ကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်မေမြင့်မောင်မှ အသင်းအကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းဆရာဦးမင်းစိုးသူရမှလည်း မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး သင်တန်း တက်ရောက်သော ဆရာ/မများနှင့် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်ပွဲကျင်းပခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: