တောင်သာမြို့နယ် မဟာမြိုင်ကျေးရွာမှ MWCDFအသင်းအဖွဲ့ဝင်(၂၂)ဦးသည် (၃.၄.၂၀၁၈)နေ့တွင် MWCDF (ရုံးချုပ်)သို့ လာရောက်၍ ကျေးရွာရေရရှိမှုအခြေအနေနှင့် အဖွဲ့ဝင်များမှ လုပ်ဆောင်ထားရှိမှုများအား CECများထံတင်ပြ၍ အသင်းCECများမှ အဖွဲ့ဝင်များ၏ သင်္ကြန်ကာလတွင် မဟာမြိုင်ကျေးရွာ၌ ပြုလုပ်မည့် စတုဒီသာကျွေးမွေးခြင်းနှင့် သက်ကြီးပူဇော်ပွဲအား စနစ်တကျကျင်းပရန်မှာကြားပြီး အသင်းတီရှပ်နှင့် အသင်းလုံချည်များ၊ ကျောင်းသား/သူများအတွက် ဗလာစာအုပ်များပေးအပ်ခဲ့ပါသည်။
တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာရှိ အဖွဲ့ဝင်များမှ MWCDFအသင်းရုံးသို့လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း