(၁၀.၅.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် CECများသည် မကွေးမြို့၊ သာသာနာ့ဂုဏ်ရည် သီလရှင်(သင်) အမျိုးသမီးပညာရေးကျောင်းသို့ရောက်ရှိကာ ကျောင်းထိုင်ဆရာကြီးအား အလှူငွေ-(၅)သိန်းကျပ်၊ လှူဘွယ်ခြင်းများ၊ ကျောင်းဝတ်စုံများ၊ ကျောင်းစိမ်း/ဖြူပိတ်စများ၊ စာရေးကိရိယာများ၊ မင်္ဂလာစာအုပ်၊ မဂ္ဂဇင်းစာအုပ်၊ ဖိနပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ အသင်းအဖွဲ့ဝင် ဒေါက်တာနန္ဒာမွှန်း မှ ကျောင်းတွင် ပညာသင်ကြားလျက်ရှိသော သီလရှင် ဆရာလေးများနှင့် ကျောင်းသား/သူများ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် သိမှတ်သားဖွယ်ရာအချက်အလက်များအား ရှင်းလင်းပြောကြားပေးခဲ့ပါသည်။
သာသနာ့ဂုဏ်ရည်သီလရှင်ကျောင်းသို့ လှူဒါန်းခြင်း