မကွေးတိုင်း MWCDFအသင်းအဖွဲ့ဝင်များ ဖွဲ့စည်းပေးခြင်း

(၁၀.၅.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် CECများသည် မကွေးမြို့၊ သာသနာ့ ဂုဏ်ရည် သီလရှင်(သင်)အမျိုးသမီးပညာရေးကျောင်းတွင် မကွေးမြို့မှ အမျိုးသမီးများနှင့် တွေ့ဆုံကာ အသင်းအကြောင်း ရှင်းလင်းပြောကြားကာ အသင်းဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး အသင်းအဖွဲ့ဝင်(၁၀)ဦး ဖွဲ့စည်းနိုင်ခဲ့ပါသည်။
ထို့နောက် MWCDFအသင်းအဖွဲ့ဝင်များအဖြစ် စိတ်ပါဝင်စားသူများအား အဖွဲ့ဝင်များပါဝင်နိုင်ရန် အသင်းအဖွဲ့ဝင် လျှောက်လွှာများ ပေးအပ်ခဲ့ပြီး အသင်း Activity ပြုလုပ်နိုင်ရန်အတွက် အလှူငွေ-(၁၅၀,၀၀၀)ကျပ်၊ အသင်းတီရှပ်များ၊ အသင်းပန်းရောင်လုံချည်များ၊ အသင်းမဂ္ဂဇင်း စာအုပ်များ၊ ဗလာစာအုပ်များ၊ အသင်းလက်ကမ်းစာစောင်များအား မကွေးမြို့ MWCDFအဖွဲ့ထံ ပေးအပ်ခဲ့ပါသည်။

မကွေးတိုင်း MWCDFအသင်းအဖွဲ့ဝင်များ ဖွဲ့စည်းပေးခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: