နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနား

(၂၇. ၅. ၂၀၁၈)နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူများအတွက် စတုတ္ထအကြိမ်မြောက်ဖွင့်လှစ်ပေးသည့် နွေရာသီအင်္ဂလိပ်စာ (Elementary Level)သင်တန်းနှင့် ဆရာ/မများအတွက် ပထမအကြိမ်မြောက် ဖွင့်လှစ်ပေးသည့် (Pre-Intermediate Level)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူးမှ သင်တန်း ဆင်းအမှာစကားပြောကြားခြင်းနှင့် သင်တန်းတွင် ထူးချွန်စွာအောင်မြင်၍ ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။
အသင်းမှ ဖွင့်လှစ်သည့် နွေရာသီ အင်္ဂလိပ်စာသင်တန်းတွင် သင်ကြားပြသခဲ့သော ဆရာဦးမင်းစိုးသူရ နှင့် ဆရာမဒေါ်ဇင်မာမျိုးအား အသင်းဥက္ကဋ္ဌမှ ဂုဏ်ပြုငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ သင်တန်းဆရာ ဦးမင်းစိုးသူရမှ သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခြင်း၊ သင်တန်းဆင်းအမှာစကားပြောကြားခြင်းနှင့် သင်တန်းတက်ရောက်ခဲ့သော ဆရာ/မများကိုယ်စား ဦးဆန်းထွန်းဇော်မှလည်းကောင်း၊ ကျောင်းသား/သူများကိုယ်စား မဝိုင်းထက်ထက်အောင်တို့မှ လည်းကောင်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် အသင်းဥက္ကဋ္ဌ၊ CECအဖွဲ့ဝင်များနှင့် သင်တန်းသား/သူများ အမှတ်တရမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနား

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: