စစ်ကိုင်းတိုင်း MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် မကုဋာရာမ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် (၂၈.၅.၂၀၁၈)နေ့တွင် တိုင်း MWCDFအသင်း ဖွဲ့စည်းရန်အတွက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ သွားရောက်ခဲ့ပါသည်။
မုံရွာမြို့တွင် အသင်းအဖွဲ့ ဖွဲ့စည်းရန်အတွက် စုဖွဲ့ထားသောအမျိုးသမီးအဖွဲ့ဝင်(၉)ဦးနှင့် မုံရွာမြို့၊ Win Unityဟိုတယ် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး အသင်းဥက္ကဋ္ဌမှ အသင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အသင်းCECများမှ အသင်းဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အသင်း Documentary Film ပြသခြင်းများ ပြုလုပ်ခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုင်း MWCDFအဖွဲ့ဝင်များထံသို့ အသင်းဝတ်စုံ၊ အသင်းမဂ္ဂဇင်း၊ အသင်းဗလာ စာအုပ်များ၊ အသင်းတံဆိပ်များနှင့် ဇွန်လနှင့် ဇူလိုင်လတို့အတွက် Activity ပြုလုပ်ရန် အလှူငွေ-(၃၀၀,၀၀၀)ကျပ်တို့အား ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်CECများသည် တိုင်းအသင်းအဖွဲ့ဝင်များနှင့်အတူ မကုဋာရာမ (ဘ.က)ကျောင်းသို့ သွားရောက်ခဲ့ကာ ကျောင်းထိုင်ဆရာတော် ဦးမကုဋာအား ဖူးမျှော်ကန်တော့ပြီး ဝတ္ထုငွေ-(၃၀၀,၀၀၀)ကျပ်နှင့် လှူဘွယ်ပစ္စည်းများ၊ ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ၊ ကျောင်းဝတ်စုံချုပ်ရန် ပိတ်စများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ အသင်းမဂ္ဂဇင်းများ၊ သူနာပြုဆေးအိတ်များနှင့် ယဉ်ကျေးလိမ္မာ သင်ကြားရန်စာအုပ်နှင့် (၃၈)ဖြာမင်္ဂလာစာအုပ်တို့အား လှူဒါန်းခဲ့ပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့၍ ကျောင်းသား/သူများနှင့် တရင်းတနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်ခဲဲ့ဲကြပါသည်။

စစ်ကိုင်းတိုင်း MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် မကုဋာရာမ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: