ကရင်ပြည်နယ်၊ ဘားအံမြို့တွင် MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကွင်းဆင်းသွားရောက်လှူဒါန်းမှု

MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် (၁၀.၆.၂၀၁၈)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ သွားရောက်ခဲ့ပါသည်။ ဘားအံမြို့တွင် အသင်းအဖွဲ့ ဖွဲ့စည်းရန်အတွက် စုဖွဲ့ထားသော အမျိုးသမီး အဖွဲ့ဝင်(၂၄)ဦးနှင့် ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ် အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့၍ တက်ရောက်လာသူများနှင့် မိတ်ဆက်ပြီး အသင်းဥက္ကဋ္ဌမှ အသင်းအကြောင်းရှင်းလင်းပြောကြားခြင်း၊ အသင်းဖွဲ့စည်းတည်ထောင်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်းရာတွင် ယခုလည်း တိုင်း/ပြည်နယ်၊ မြို့နယ်၊ ကျေးရွာများအထိ လက်တွေ့ကျကျကွင်းဆင်းဆောင်ရွက်နိုင်ရန် ပြည်နယ် MWCDF အသင်းကို ဖွဲ့စည်းလိုကြောင်း ပြောကြားခဲ့ပါသည်။
ထပ်မံ၍ အသင်း၏ တွဲဘက်အတွင်းရေးမှူးများနှင့် CECများမှ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသင်း Documentary Film ပြသခဲ့ပါသည်။ ကရင်ပြည်နယ်အတွက် MWCDFအသင်းဝင်(၁၅)ဦးအားလည်း အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပါသည်။
ဆက်လက်၍ ကရင်ပြည်နယ် MWCDFအသင်းဝင်များထံ အသင်းဝတ်စုံများ၊ အသင်းမဂ္ဂဇင်းများ၊ ဗလာစာအုပ်များ၊ အသင်းတံဆိပ်များနှင့် ဇွန်လနှင့်ဇူလိုင်လတို့တွင် အမျိုးသမီးများနှင့်ကလေးများအတွက် Activity ဆောင်ရွက်ရန် အလှူငွေ-(၃၀၀,၀၀၀)ကျပ်အား ပေးအပ်ခဲ့ပါသည်။
ကရင်ပြည်နယ် အသင်းဖွဲ့စည်းဆောင်ရွက်ခြင်းအစည်းအဝေးမှ တက်ရောက်လာကြသူများနှင့် MWCDF(ရုံးချုပ်)မှ CECများသည် ဘားအံမြို့၊ တောင်ကလေး(ဘ.က)ကျောင်းသို့ သွားရောက်ခဲ့ကာ (ဘ.က)ကျောင်း၊ ကျောင်းအုပ်ဆရာတော် ဦးဥတ္တမအား တွေ့ဆုံ၍ ဖူးမျှော်ကန်တော့ပြီး အလှူငွေ – (၂၀၀,၀၀၀)ကျပ်နှင့် လှူဘွယ်ပစ္စည်းများ၊ ကျောင်းဝတ်စုံများ၊ ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံချုပ်လုပ်ရန် အဖြူ/အစိမ်းပိတ်စများ၊ စာရေးကိရိယာများ၊ သူနာပြုဆေးအိတ်နှင့် ယဉ်ကျေးလိမ္မာသင်ကြားရန်စာအုပ်၊ ၃၈ ဖြာမင်္ဂလာစာအုပ်တို့အား ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအတွင်းလှည့်လည်ကြည့်ရှုခဲ့ပါသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကွင်းဆင်းသွားရောက်လှူဒါန်းမှု

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: