မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာစာကြည့်တိုက်တွင် ကျေးရွာအသင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အသင်းဝတ်စုံများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် အလှူရှင် ဦးတင်ဦးလွင်+ဒေါ်မေမြင့်မောင် မိသားစုမှ အဖွဲ့ဝင်(၃)ဦးအတွက် ဘုရားဆင်းတု တော်များပေးအပ်လှူဒါန်းခဲ့ပြီး အလှူရှင်မှ သားဖြစ်သူ မောင်ဇွဲဇာနည်မင်းသန့်စင်(ခ) John Walter(၁၂)ပြည့်မွေးနေ့အလှူ မအူလေးပင်ကျေးရွာ အလယ်တန်းကျောင်းမှ ကျောင်းသား/သူ(၃၈၂)ဦးအား (၁၈.၇.၂၀၁၇)ရက်နေ့တွင် သာကူကျို တိုက်ကျွေးကုသိုလ်ပြုရန် အလှူငွေ(၅၀,၀၀၀)ကျပ်အား အဖွဲ့ဝင်များထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ အဖွဲ့ဝင်များသည် အသင်းမှ ကူညီထောက်ပံ့လျက်ရှိသော မသန်စွမ်းညီမ(၂)ဦး နေအိမ်သို့ သွားရောက်၍ အသင်းမှ ဆီ၊ ကြက်ဥ၊ အာလူး၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်၊ ကြာဇံ၊ ငါးသေတ္တာ၊ ကိတ်မုန့်နှင့် အလှူရှင် CEC မှ ဘုရားဆင်းတုတော်(၁)ဆူ၊ ပေါင်မုန့်များ ပေးအပ်လှူဒါန်း၍ ကျန်းမာရေးအခြေအနေများအား မေးမြန်းခဲ့ပါသည်။

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: