အေးမေတ္တာစံ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃၀.၈.၂၀၁၈)နေ့တွင် MWCDF အသင်းမှဥက္ကဋ္ဌ၊ CEC အဖွဲ့ဝင်များနှင့် MMCWAအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်၊ အေးမေတ္တာစံ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဝတ္ထုငွေများ၊ သင်္ကန်း၊ ဘုရားဆင်းတုတော်များ၊ ဘုရားပုံတော်များ၊ မျက်နှာသုတ်ပုဝါများ၊ ကျောင်းတွင်နေထိုင်ပညာသင်ယူလျက်ရှိသော ကျောင်းသား/သူ(၄၃၂)ဦးအတွက် စာရေးကိရိယာများ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ကြာဇံ၊ ဆား၊ ဆပ်ပြာမှုန့်များနှင့် ဆရာ/မများအတွက် ရှပ်အကျႌနှင့်ကျောင်းစိမ်းလုံချည်များ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုများအား ရေစက်ချတရားနာယူခဲ့ပါသည်။ ထို့နောက် KG တန်းမှ စတုတ္ထတန်းထိ ကိုရင်လေးများ၊ ကျောင်းသား/သူများလေးအား အတွင်းရေးမှူး ဒေါ်မေမြင့်မောင်မှ တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းရေးနှင့်ပတ်သက်သော အကြောင်းအရာများအား ဟောပြော ဆွေးနွေးပေးခဲ့ပါသည်။ ဆက်လက်၍ အသင်းဥက္ကဋ္ဌနှင့်CECအဖွဲ့ဝင်များသည် ကိုရင်လေးများ၊ ကျောင်းသား/သူလေးများအား တစ်ဦးချင်းစီ အသင်းဗလာစာအုပ်များ ဝေပေးခဲ့ပါသည်။

အေးမေတ္တာစံ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: