(၄.၉.၂၀၁၈)နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ အသင်းဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ အ.မ.က(၃) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့ကြပါသည်။
ထို့နောက် အသင်းဒုဥက္ကဋ္ဌနှင့် CECများမှ ဆရာ/ဆရာမ(၇)ဦးအတွက် ဘုရားဆင်းတုတော်များ၊ ထီးများနှင့် ကျောင်းတွင် KG တန်းမှ စတုတ္ထတန်းထိ ပညာသင်ကြားနေသော ကျောင်းသား/သူ(၁၅၅)ဦးအတွက် ကျောင်းဝတ်စုံ၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ကိတ်မုန့်များ၊ ပဲနို့များ စုစုပေါင်း(၄၉၄,၈၅၀)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။
ချင်းရွာ၊ အ.မ.က(၃)ကျောင်းအတွက် ကျောင်းဝတ်စုံနှင့်စာရေးကိရိယာများ လှူဒါန်းခြင်း