MWCDF (လားရှိုး)အဖွဲ့ဝင်များမှ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းအတွက် အသိပညာပေး ဟောပြောဆွေးနွေးခြင်း

(၆.၉.၂၀၁၈)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ MWCDF အဖွဲ့ဝင်များသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော MMA, MMCWA, MWAF, WON နှင့် ရင်ခွင်မဲ့အဖွဲ့မှ ပူးပေါင်းပါဝင်၍ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနှင့် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သားအိမ်ခေါင်းကင်ဆာ စောစီးစွာရှာဖွေ ကုသရေးအတွက် လားရှိုးမြို့ ရပ်ကွက်များ အတွင်းရှိ ပြည်သူများထံသို့ ကွင်းဆင်းပြီး ပညာပေးဟောပြော စာရင်းကောက်ယူခြင်းအစီအစဉ် ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် ရပ်ကွက်(၉)၊ (၁၀)၊ (၁၁)မှ အမျိုးသမီးပေါင်း(၂၂၂)ဦးအား ရပ်ကွက်(၉)ဓမ္မာရုံတွင် MWCDF အသင်း (ရှမ်းပြည်နယ်မြောက်ပိုင်း)ဥက္ကဋ္ဌ ဒေါက်တာနန်းကိန်ဖောင်းတစ် မှ ဆွေးနွေးဟောပြော ပို့ချပေးခဲ့ပါသည်။

MWCDF (လားရှိုး)အဖွဲ့ဝင်များမှ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းအတွက် အသိပညာပေး ဟောပြောဆွေးနွေးခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: