(၈.၉.၂၀၁၈)နေ့တွင် မကွေးတိုင်း MWCDF အဖွဲ့ဝင်(၁၉)ဦးသည် ပွင့်ဖြူမြို့နယ်၊ ပေတောကျောင်းကုန်း မိဘမဲ့ ကျောင်းတွင်ရှိသော စစ်ဘေးရှောင်ဒေသများမှ ပလောင် – ဗမာတိုင်းရင်းသားကလေးများ စောင့်ရှောက်ရေးကျောင်းသို့ ရောက်ရှိပြီး ကိုရင်(၄၀)ပါး၊ သီလရှင်(၄၀)ပါး၊ ကျောင်းသား/ သူ(၂၅)ဦး စုစုပေါင်း-(၁၁၅)ဦးအတွက် ကျောင်းထိုင်ဆရာတော်ထံ အလှူငွေ-(၁၀၀,၀၀၀) ကျပ်၊ ဆန်(၅)အိတ်၊ ဆီ(၁၀)ပိသာ၊ ကြက်သွန်(၁၀)ပိသာ၊ ကုလားပဲ(၄)ပြည်နှင့် မုန့်မျိုးစုံအား သွားရောက်လှူဒါန်းခဲ့ပါသည်။
မကွေးတိုင်း MWCDF အဖွဲ့ဝင်များမှ ပေတောကုန်း မိဘမဲ့ ပလောင်-ဗမာတိုင်းရင်းသားကလေးများ စောင့်ရှောက်ရေးကျောင်း အတွက် လိုအပ်သည်များအား သွားရောက်လှူဒါန်းခြင်း