ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များမှ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း

(၁၂.၉.၂၀၁၈)နေ့တွင် MWCDF အသင်း(ပဲခူးတိုင်းဒေသကြီး)မှ ဦးဆောင်၍ ပဲခူးမြို့ရှိ SUCCESS ကိုယ်ပိုင် အထက်တန်းကျောင်းတွင် “မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ SUCCESS ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးအေး လွင် မှ အဖွင့်အမှာစကားပြောကြားပြီး MWCDFအသင်း(ပဲခူးတိုင်းဒေသကြီး)အသင်း ဒုတိယဥက္ကဋ္ဌ စာရေးဆရာမဝတ်ရည်ခင်မှ “လူကုန်ကူးမှုပပျောက်ရေး ပြည်သူအားလုံး ပါဝင်ပေး” ဆိုသည့် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။
ထို့နောက် MWCDFအသင်း (ပဲခူးတိုင်းဒေသကြီး)အသင်းမှ တာဝန်ရှိသူများက ကျောင်းသား/သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းပြီး ဆုရရှိသူ များအား ဂုဏ်ပြုအမှတ်တရဆုများ ပေးအပ်ခဲ့ပါသည်။

ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များမှ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: