(၁၄.၉.၂၀၁၈)နေ့တွင် MWCDFအသင်းမှ CEC နှင့်အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွား မီးယပ်အထူးကုဆေးရုံကြီးသို့သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက် အထိမ်းအမှတ်အနေဖြင့် စက်တင်ဘာလ(၁၄)ရက်နေ့တွင် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်းတို့ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။
ထို့နောက် ဆေးရုံ၌ ကူညီထောက်ပံ့ရန် လိုအပ်နေသော ဥတ္တရသီရိမြို့နယ်၊ ပိုးစာတောရွာမှ ကလေးမီးဖွားမိခင် ဒေါ်လှဌေးဦးသည် ကိုယ်ဝန်စလွယ်နေချိန်မှစ၍ ယခုကလေး မွေးဖွားပြီးချိန်ထိ အောက်ပိုင်းမလှုပ်ရှားနိုင်သည်ကို တွေ့ရှိရသည့်အတွက် အသင်း CEC များမှ အလှူငွေ-(၅၀,၀၀၀)ကျပ်နှင့် ကွေကာ၊ ဘီစကစ်မုန့်၊ မျက်နှာသုတ်ပုဝါ၊ အနွေးထည်၊ စောင်များ၊ လုံချည်များအား သွားရောက်လှူဒါန်းခဲ့ပါသည်။
ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း