(၁၄.၉.၂၀၁၈)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာရှိ ထောက်ပံ့မှုပေးရန် လိုအပ်သော မိသားစုများ၊ အဖိုးအဖွားများအား အဝတ်အထည်နှင့် ပလတ်စတစ်ခြင်းများ -(၂၀,၀၀၀)ကျပ်ဖိုး ပေးအပ်လှူဒါန်းခဲ့ပါသည်။
၎င်းနောက် ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်းအား သင်တန်းသူ(၃၀)ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးခဲ့ရာ လိုအပ်သော ပစ္စည်းများ -(၃၀,၀၀၀)ကျပ်ဖိုး လှူဒါန်းခဲ့ပါသည်။
ဆပ်ပြာကျင်းကျေးရွာတွင် ဖန်စီအိတ်ထိုးနည်း သင်တန်းအားလည်း သင်တန်းသူ(၂၀) ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ လိုအပ်သောပစ္စည်းများ (၆၀,၀၀၀)ကျပ်ဖိုး ပေးအပ်လှူဒါန်းခဲ့ပါသည်။
စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များမှ ကူညီထောက်ပံ့ပေးရန် လိုအပ်လျက်ရှိသော အိမ်ထောင်စုများအား သွားရောက်လှူဒါန်းခြင်း၊ ကျေးရွာသူ/သားများအတွက် ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းနှင့် ဖန်စီအိတ်ထိုးနည်းသင်တန်း ဖွင့်လှစ်ပေးခြင်း