တောင်ငူမြို့၊ ဇေယျာသီရိသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်းနှင့် တောင်ငူခရိုင်ရေးဘေးသင့်ကျေးရွာများအတွက် အလှူငွေလှူဒါန်းပေးခြင်း

(၁၉.၉.၂၀၁၈)နေ့တွင် MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူး၊ CEC များနှင့်အဖွဲ့ဝင်တို့သည် တောင်ငူမြို့၊ ဇေယျာသီရိသီလရှင်စာသင်တိုက်ရှိ မိဘမဲ့အမျိုးသမီးကလေးများ ဖွံ့ဖြိုးရေးပရဟိတဂေဟာ သို့ သွားရောက်၍ ဆရာလေးဘဒ္ဒခေရီနှင့်တွေ့ဆုံကာ မိဘမဲ့ကျောင်းတွင်ရှိသော ကျောင်းသူ(၉၀)ဦးအတွက် အသင်းမှ အလှူငွေ-(၁၀၀,၀၀၀)ကျပ်၊ ဆီ၊ ဗလာစာအုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ ဆပ်ပြာအမွှေးခဲများနှင့် အလှူရှင် CEC များမှ အလှူငွေ(၇၀,၀၀၀)ကျပ်၊ ကျောင်းဝတ်စုံများနှင့် ဆပ်ပြာမှုန့်ထုပ်များအား ဆရာလေး ထံလှူဒါန်းခဲ့ပါသည်။
ထိုနောက် အသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့် CEC များသည် တောင်ငူမြို့၊ ခရိုင် အုပ်ချုပ်ရေးရုံးသို့ သွားရောက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် တွေ့ဆုံပြီး တောင်ငူ ခရိုင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး ကြီးကြပ်မှုကော်မတီထံ ရေဘေးအန္တရာယ်ခံစားခဲ့ရသော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အသင်းမှ အလှူငွေ – (၃၀၀,၀၀၀)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ တွဲဘက်အတွင်းရေးမှူးနှင့် CEC များသည် တောင်ငူတက္ကသိုလ် ပါမောက္ခ ချုပ်၊ ဆရာမများနှင့်တွေ့ဆုံ၍ အသင်းအကြောင်းရှင်းလင်းပြောကြာခဲ့ပြီး အသင်းဝင်များရရှိရေးနှင့် အသင်း၏လှုပ်ရှားမှုများတွင် ပါဝင်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

တောင်ငူမြို့၊ ဇေယျာသီရိသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်းနှင့် တောင်ငူခရိုင်ရေးဘေးသင့်ကျေးရွာများအတွက် အလှူငွေလှူဒါန်းပေးခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: