မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၂.၁၀.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) မှ ဒုဥက္ကဋ္ဌများ၊ CEC များနှင့် အလှူရှင် ဧည့်သည်တော်များသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာပညာ့မဏ္ဍိုင်စာကြည့်တိုက်တွင် ကျေးရွာဥက္ကဋ္ဌ၊ တံတားကော်မတီဝင်များ၊ အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ အသင်းမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုရာတွင် မအူလေးပင်ကျေးရွာတံတားသည် ချောင်းရေတိုက်စားမှုဒဏ်ခံရမှုကြောင့် ပျက်စီးနေသည်ကို တွေ့ရှိရသည့်အတွက် တံတားပြန်လည်ပြုပြင်ဆောက်လုပ်နိုင်ရန် အလှူရှင် ဦးအောင်ဇော်မြင့်+ဒေါက်တာမြတ်မြတ်အုန်းခင် အဂ္ဂမဟာသိရီသုဓမ္မ သိင်္ဂီသိရိပျံချီနှင့် သား၊ သမီး မြေးတစ်စုမှ အလှူငွေ-(၅၅၀,၀၀၀)ကျပ်နှင့်၊ အလှူရှင် ဦးရဲထွဋ်+ဒေါ်ခင်စန္ဒာထွန်း(မိသားစု)မွေးနေ့အလှူအတွက် အလှူငွေ-(၁၀၀,၀၀၀)ကျပ်အား ကျေးရွာဥက္ကဋ္ဌနှင့် တံတားကော်မတီအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ အသင်း ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးမှ မအူလေးပင်ကျေးရွာ အလယ််တန်းကျောင်းတွင် တတိယတန်း မှ စတုတ္ထတန်းထိ ပညာသင်ကြားနေသော ကျောင်းသား/သူ(၁၃၄)ဦးအတွက် ကျောင်းဝတ်စုံ (၁၃၄)စုံနှင့် ဘီစကစ်မုန့်(၃)ထုပ် စုစုပေါင်းတန်ဖိုး-(၃၅၀,၀၀၀)ကျပ်အား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ် လှူဒါန်းခဲ့ပါသည်။ ထို့ပြင် အသင်းဒုဥက္ကဋ္ဌ ဒေါ်သူဇာဝေမှ မအူလေးပင်ကျေးရွာ အလယ််တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း-( ၃၈၂ )ဦးအား (၅.၁၀.၂၀၁၈)နေ့တွင် အာဟာရအဖြစ် သာကူကျိုတိုက်ကျွေးရန် အလှူငွေ-(၇၅,၀၀၀)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် အသင်း CEC ဒေါ်အေးအေးခိုင်မှ ကျေးရွာစာကြည့်တိုက်တွင် ကျောင်းပိတ်ရက် ပညာပေး ကာတွန်းများပြသပေးနေသော မပွင့်ပွင့်အား လုပ်အားပေးဆောင်ရွက်ခဲ့မှုကြောင့် အလှူငွေ(၄၀,၀၀၀)ကျပ် ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: