(၃.၁၀.၂၀၁၈)နေ့တွင် မွန်ပြည်နယ် MWCDF အဖွဲ့ဝင်များသည် ရေးမြို့နယ်၊ ပလစ်ကျေးရွာ၊ မူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းဆောင်ပြုပြင်ရန်နှင့် ကျောင်းမိုးဒဏ်လေဒဏ်ခံနိုင်ရန်အတွက် အလှူငွေ(၃)သိန်းကျပ်လှူဒါန်း၍ ကျောင်းသား/သူ(၃၅)ဦးအား အာဟာရပဲနို့နှင့် မုန့်များကျွေးမွေးခဲ့ပါသည်။
ထို့နောက် ကျေးရွာရှိ နာတာရှည်ဝေဒနာခံစားနေရသူများနှင့် စောင့်ရှောက်ထောက်ပံ့မှုပေးရန် လိုအပ်သော မိသားစု(၄)စုအား ဆီ၊ ငါးသေတ္တာ၊ ကွေကာအုပ်များ ထောက်ပ့ံလှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ရေးမြို့တွင် ရွှေ့ပြောင်းအလုပ်သမားများနေထိုင်ရာသို့သွားရောက်၍ ရွှေ့ပြောင်းအလုပ်သမားများ၏ သား/သမီးများ ကျောင်းတက်နိုင်ရေးအတွက် မိဘများထံ ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပြီး မြို့နယ်တွင် ဖွင့်လှစ်ထားသော အေရိုဗစ်သင်တန်းနှင့် ပန်းပွားသင်တန်းတို့အား သွားရောက်တွေ့ဆုံအားပေးကာ ဓာတ်ဆားရေ နှင့် အာဟာရများ ထောက်ပ့ံလှူဒါန်းခဲ့ပါသည်။