(၄.၁၀.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌ (၂)ဦး၊ အတွင်းရေးမှူးနှင့် CEC များသည် မြင်းခြံ ခရိုင်၊ တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာသို့ ရောက်ရှိပြီး အသင်းမှ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် စက်ရေတွင်း၊ ရေလှောင်ကန်နှင့် ရေတင်စက်များ ပေးလှူခဲ့သော တောင်သာမြို့နယ် မဟာမြိုင်ကျေးရွာ၊ ဇေယျသုခ(အရှေ့)ကျေးရွာ၊ ပုဒါတ်စာကုန်းကျေးရွာ၊ နတ်စောင့်ကျေးရွာ စုစုပေါင်း ကျေးရွာ(၄)ရွာမှ ရာအိမ်မှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာ MWCDF အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် အသင်းဒုဥက္ကဋ္ဌနှင့်အဖွဲ့မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျေးရွာ စက်ရေတွင်း တာဝန်ခံအဖွဲ့များက မိမိကျေးရွာ စက်ရေတွင်း အခြေအနေများကို ရှင်းလင်းတင်ပြကြရာ အသင်းဒုဥက္ကဋ္ဌနှင့် CEC များမှ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြပါသည်။
ထို့နောက် ကျေးရွာ(၄)ရွာ MWCDF အဖွဲ့ဝင်များမှ အသင်းမှ အရင်းမပျောက် မတည်ငွေများဖြင့် မိမိတို့ကျေးရွာတွင် ကူညီလှူဒါန်းမှုများနှင့် လုပ်ဆောင်ချက်အသီးသီးအား ရှင်းလင်းတင်ပြခဲ့ရာ အသင်းဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့မှ လိုအပ်သည်များကို ပြန်လည်းဆွေးနွေးပြောကြားခဲ့ကြပါသည်။
၎င်းနောက် MWCDF အသင်းဗဟိုမှ ကျေးရွာ(၄)ရွာမှ စက်ရေတွင်းအဖွဲ့များအား စက်များပြုပြင် ရန်အတွက် အလှူငွေ(၁,၂၀၀,၀၀၀)ကျပ်၊ MWCDF အသင်းအဖွဲ့များအား အသင်းတီရှပ်၊ အသင်းလုံချည်များ၊ အဖိုး/အဖွားများ လှူဒါန်းရန် တီရှပ်၊ လုံချည်နှင့် ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ အသီးအသီး လှူဒါန်းပေးခဲ့ကြပြီး ကျေးရွာအဖွဲ့ဝင်များနှင့်လည်း အသင်း CECများမှ စကားဝိုင်း ဖွဲ့ကာ အသင်း၏ လုပ်ငန်းတာဝန်များအား ယခုလို စည်းစည်းလုံးလုံး ညီညွတ်စွာနဲ့ ဝိုင်းဝန်းလုပ် ဆောင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုထက်ပိုမိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်ပေးကြပါရန် ပြောကြားခဲ့ကြပါသည်။