(၈.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် CEC အဖွဲ့ဝင်များသည် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာများဆိုလာဖြင့် မီးလင်းရေး ဆောင်ရွက်မှုအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်အနားအား နေ့လည်(၂း၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အသင်းဒုဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် တွဲဘက်အတွင်းရေးမှူးမှ ကျေးရွာများဆိုလာ မီလင်းရေးနှင့် ပတ်သက်မှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ကျွန်းစုမြို့နယ်အတွင်းရှိ ကျားကြီးအော်၊ လင်မလိုကြီးနှင့် ပသုတ်ကျွန်းကျေးရွာ(၃)ရွာမှ ဆိုလာအမျိုးသမီးကြီးများအား ကျေးရွာအတွက် ဆိုလာပြား၊ မီးအိမ်၊ ဘက်ထရီများ ပေအပ်လှူဒါန်း၍ အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်၍ ကျေးရွာသုံးရွာသို့ ဆိုလာပစ္စည်များခွဲဝေပေးခြင်း အစီအစဉ်တွင် လင်မလိုကြီးကျေးရွာ အတွက် ဆိုလာ(၁၂၂)စုံ၊ ဆိုလာပြင်စက်ကြီး(၃)ဖါ၊ မီးအိမ်ကြီး(၁၂၂)လုံး၊ ပသုတ်ကျွန်းနှင့် ကျားကြီအော်ကျေးရွာအတွက် တစ်ရွာလျှင် ဆိုလာ(၁၂၅)စုံ၊ ဆိုလာပြင်စက်ကြီး(၃)ဖါ၊ မီးအိမ်ကြီး(၁၂၅)လုံး အား ခွဲဝေပေးခြင်းနှင့် ကျေးရွာတစ်ရွာကို အသင်းမှ လက်ဆောင်ပစ္စည်း(၁)ဖါနှင့် ဘုရားဆင်းတုတော်-(၂၀)ဆူစီတို့အား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် ရေချိုချောင်းကျေးရွာ မူလတန်းကျောင်းအတွက် ကျောင်းဝတ်စုံ(၃၆)စုံ လှူဒါန်းခဲ့ပါသည်။
၎င်းနောက် MWCDF အသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် တနသာင်္ရီတိုင်း ရေတပ်စခန်းဌာနချုပ် ဧည့်ရိပ်သာတွင် ရွှေအဏ္ဍဝါဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသင်းနှင့် အလှူရှင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှစုပေါင်း၍ ရွှေအဏ္ဍဝါဖောင်ဒေးရှင်းအား အလှူငွေ-(၅၀)သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။