ကျွန်းစုမြို့နယ်၊ ပသုတ်ကျွန်းကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

(၉.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် ကျွန်းစုမြို့မှ ပသုတ်ကျွန်းသို့ သွားရောက်ခဲ့ပြီး ကျေးရွာရှိ သာသနာ့လင်္ကာကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ခဲ့ပြီး ပရိတ်တရားများ နာယူကာ ဆရာတော်ထံ လှူဘွယ်ဝတ္ထုငွေ(၂)သိန်းကျပ်နှင့် ဆိုလာမီးအိမ်များ၊ သင်္ကန်းခြင်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC များသည် ပသုတ်ကျွန်းရှိ ဓမ္မာရုံတွင် ကျေးရွာလူထုများနှင့် တွေ့ဆုံခဲ့ပြီး ကျေးရွာဆိုလာမီးလင်းရေး ထောက်ပ့ံပွဲအခမ်းအနား တက်ရောက်ခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် ဒုဥက္ကဌ ဒေါ်စုညွန့်ဦးမှ အသင်းအကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး တွဲဘက် အတွင်းရေးမှူး ဒေါ်နီဆက်တင်ထူးမှ ကျေးရွာသို့ ဆိုလာလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ကျေးရွာကော်မတီထံ ဆိုလာ(၁၂၅)စုံအား ပေးအပ်လှူဒါန်းခဲ့ပြီး ကျေးရွာတွင် သင်တန်းတက်ရောက်ပြီးသူ ဆိုလာအမျိုးသမီးကြီး(၂)ဦးမှ ဆိုလာတပ်ဆင်ပုံကို လက်တွေ့ပြသခဲ့မှုအား အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ ပြည့်ဖြိုးထွန်း ပုစွန်မွေးမြူရေးဇုန်သို့ ဝင်ရောက်လေ့လာခဲ့ကြပြီး ကျွန်းစုမြို့နယ်၊ ရေတပ်စခန်းရှိ တပ်တွင်းဆေးခန်းသို့ သွားရောက်၍ တာဝန်ခံဆရာဝန်အား ဆိုလာမီးအိမ်များနှင့် အလှူငွေ (၅)သိန်းကျပ်အားပေးအပ်၍ ဆေးခန်းအတွင်း တက်ရောက်နေသော လူနာများအား ကြည့်ရှုခဲ့ပါသည်။

ကျွန်းစုမြို့နယ်၊ ပသုတ်ကျွန်းကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: