ကျွန်းစုမြို့နယ်၊ ကျားကြီးအော်ကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

(၁၀.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ အဖွဲ့ဝင်များသည် ကျွန်းစုမြို့နယ်၊ ကျားကြီးအော်ကျေးရွာ သို့ ဆိုလာဖြင့် ကျေးရွာမီးလင်းရေး ကိစ္စရပ်များ ဆောင်ရွက်ရန် သွားရောက်ခဲ့ပါသည်။
ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် MWCDF အသင်းမှ အိန္ဒိယနိုင်ငံ၊ Barefoot College ၌ ဆိုလာနည်းပညာသင်တန်းတက်ရောက်နိုင်ရန် ပံ့ပိုမှုများပေးခဲ့သည့် ကျားကြီးအော်ကျေးရွာမှ ဆိုလာသင်တန်းတက်ရောက်ပြီးသူ အမျိုးသမီးကြီး(၂)ဦးနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဆိုလာအမျိုးသမီးကြီး(၂)ဦးမှ ကျေးရွာသူ/သားများအား ဆိုလာတပ်ဆင် အသုံးပြုပုံ အဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းပြသခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာသူ/သားများမှ ယခုလို မိမိတို့ကျေးရွာအား ဆိုလာမီးဖြင့် မီးလင်းအောင် ကူညီလှူဒါန်းပေးသည့်အတွက် MWCDF အသင်းအား ကျေးဇူးတင်ရှိပါကြောင်း နှင့် ဆိုလာရရှိခြင်းနှင့်ပတ်သက်၍ မိမိတို့၏ ခံစားချက်၊ အတွေ့အမြင်များအား မေးခွန်းများ မေးမြန်းခဲ့ရာ ဆိုလာအမျိုးသမီးကြီး(၂)ဦးမှ ပြန်လည်ရှင်းလင်းပြောကြားခြင်းနှင့် အိန္ဒိယနိုင်ငံ၊ Barefoot College ၌ ဆိုလာသင်တန်းတက်ရောက်ရာတွင် ကြုံတွေ့ရသော အတွေ့အကြုံများ၊ ဆိုလာနည်းပညာများ သင်ယူခဲ့ပုံများအား ပြောကြားခဲ့ပါသည်။
ထို့နောက် MWCDF အဖွဲ့ဝင်များမှ ကျေးရွာအတွက် လှူဒါန်းထားသော ဆိုလာများအား ကျေးရွာအတွင်း စနစ်တကျတပ်ဆင် အသုံးပြုနိုင်အောင် ဆိုလာအမျိုးသမီးကြီး(၂)ဦးမှ တပ်ဆင်ပေးမည်ဖြစ်ကြောင်းနှင့် ကျေးရွာအဖွဲ့များမှလည်း ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဆိုလာများအား ရေရှည်အသုံးပြုနိုင်ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်ကြရန် အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
၎င်းနောက် ကျေးရွာသူ/သားများ၏ နေအိမ်တိုင်းစီ ဆိုလာပစ္စည်းအစုံများ လက်ရောက်ပေးအပ်၍ အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ထို့ပြင် ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ဆိုလာအမျိုးသမီး(၂)ဦးနှင့်အတူ ကျေးရွာရှိ အိမ်ထောင်စု နေအိမ်များသို့ သွားရောက်၍ ဆိုလာမီးဖြင့် မီးအလင်းရောင် ရရှိအသုံးပြုနိုင်သည့် အထိ တပ်ဆင်ပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

ကျွန်းစုမြို့နယ်၊ ကျားကြီးအော်ကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: