“ ကလေးသူငယ်များဖွံ့ဖြိုးတိုတက်ရေး အသိပညာပေးဟောပြောပွဲနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနား”

(၁၇.၁၁.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်ဖြစ်သော MWCDF အသင်းမှဦးစီးပြီး ရန်ကုန်တိုင်းလူမှုဝန်ထမ်းဌာန၊ ဧဒင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး၊ စေတနာလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ လပြည့်ဝန်း ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေး မိသားစုဂေဟာနှင့် Viva HongKong မှ ပူပေါင်းပါဝင်၍ ရွှေပြည်သာမြို့နယ်ရှိ ကလေးများနှင့် ဂေဟာကလေးများ အသိပညာပေး ဟောပြောပွဲ အခမ်းအနားအား ရွှေပြည်သာမြို့နယ်၊ စေတနာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန မြောက်ပိုင်းခရိုင်ဦးစီးမှူးများ၊ မိတ်ဘက်အဖွဲ့အစည်းများ၊ ဧည့်သည်တော်များ၊ ဂေဟာများမှကလေးလူငယ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်-
(၁) MWCDFအသင်း တွဲဘက်အတွင်းရေးမှူး ဒေါ်နီဆက်တင်ထူးမှ အခမ်းအနားပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊
(၂) လူမှုဝန်ထမ်းဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးမှ အမှာစကားပြောကြားခြင်း၊
(၃) တက်ရောက်လာသော ဂေဟာအဖွဲ့များမှ မိတ်ဆက်စကားပြောကြားခြင်း၊
(၄) Eden Ministry မှ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အတွေ့အကြုံများ ဝေမျှခြင်း၊
(၅) MWCDF အသင်း CEC ဦးလှထွန်းခိုင်မှ အနာဂတ်လူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဟောပြောဆွေးနွေးခြင်း၊
(၆) ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များနှင့် Talent Show တင်ဆက်ခြင်းပြိုင်ပွဲများ ပြုလုပ်ခဲ့ရာ ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

“ ကလေးသူငယ်များဖွံ့ဖြိုးတိုတက်ရေး အသိပညာပေးဟောပြောပွဲနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနား”

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: