(၁၉.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့်CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းအုပ်စု၊ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အလှူတော်မင်္ဂလာအခမ်းအနားအစီအစဉ်တွင် –
အစီအစဉ်(၁)အရ နမောတဿ(၃)ကြိမ် ရွတ်ဆို၍ ဘုရားကန်တော့ခြင်း၊
(၂) တောင်ဒဂုံနိကာယ်စာသင်တိုက် စာချနာယက ဘဒ္ဒ န္တကုမာရထံမှ (၅)ပါးသီလ ခံယူဆောက်တည်ခြင်း၊
(၃) ကထိန်သင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေ(၂၄)သိန်းကျပ် ကပ်လှူခြင်း၊
(၄) မေတ္တာသုတ် ပရိတ်တရားတော်နာကြားခြင်း၊
(၅) ကထိန်အနုမောဒနာတရားနာယူ ရေစက်ချအမျှဝေခြင်း၊
(၆) ဗုဒ္ဓသာသနာ စိရံတိဌ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ဆရာတော်နှင့်သံဃာတော်(၁၆)ပါး၊ ကိုရင်(၁၈)ပါး တို့အား နေ့ဆွမ်းနတ်သုဒ္ဒါကပ်လှူ၍ ကြွရောက်လာသော ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးခဲ့ပါသည်။