(၉.၁၂.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု” အနေဖြင့် မွန်ပြည်နယ် MWCDF အဖွဲ့ဝင်များသည် သထုံမြို့နယ်၊ သရက်တောကျေးရွာသို့ သွားရောက်၍ ကျေးရွာသူ/သား(၃၀၀)ခန့်အား အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာဆောင်များပေးအပ်ခြင်း၊ မုန့်များဝေငှခြင်း ပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ ဘီလင်းမြို့နယ်၊ ကျားကွင်းကျေးရွာသို့သွားရောက်၍ ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင် မိခင်(၁၀)ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အာဟာရကြက်ဥများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
သထုံမြို့နယ်၊ သရက်တောကျေးရွာတွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပ့ံခြင်း