ဖေဖော်ဝါရီလ(၁၂)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ပဲခူးမြို့၊ စျေးပိုင်းရပ်ကွက်၊ အမှတ်(၁၆၆) ရန်ကုန်-မန္တလေးကားလမ်းမကြီး Kanbawza Nandaw Education City တွင် ကမ္ဘောဇနန်းတော်ပညာရေးစင်တာနှင့် MWCDF-Bago ပူးပေါင်း၍ မြို့မိ/မြို့ဖများနှင့် ကျောင်းသား/သူများအတွက် တက္ကသိုလ်မြေမှ အလုပ်ခွင်ဆီသို့ ကူးပြောင်းရန် ပြင်ဆင်မှုများခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် Myanmar Leadership& Management Institute(MLMI)မှ ကျောင်းအုပ်ဆရာကြီး ပါမောက္ခဦးအေးကျော်မှ တက္ကသိုလ်မြေမှ အလုပ်ခွင်ဆီသို့ ကူးပြောင်းရန် ပြင်ဆင်မှုများခေါင်းစဉ်ဖြင့် အနာဂတ်တွင် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်၊ ထူးချွန်သော စီးပွားရေးပညာရှင်အဖြစ်ရပ်တည်လိုသော လူငယ်များနှင့်မိဘများအတွက် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းအား အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသူများက သိလိုသည်များမေးမြန်းရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ပါမောက္ခဆရာကြီးအား မြန်မာနိုင်ငံ အမျိုးသမီးနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌဒေါ်ခင်ဝတ်ရည်က အမှတ်တရလက်ဆောင်ပေးအပ်ပြီး သင်တန်းတက်ရောက်ခွင့် ကံစမ်းမဲများဖေါက်ပေးခဲ့သည်။