(၁၇.၂.၂၀၁၉)နေ့တွင် MWCDF အသင်း(ဗဟို)မှ ဥက္ကဋ္ဌနှင့် CEC အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး MWCDF အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်များသို့ သွားရောက်၍ ကျန်းမာရေးအသိပညာဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ရှေးဦးစွာ ဗဟိုဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥဿာမြို့သစ်၊ (၈)ရပ်ကွက်ရှိ သဒ္ဓမ္မဂုဏ်ရည်သီလရှင်စာသင်တိုက်နှင့်ပညာရေးကျောင်း၊ မဇင်းရပ်ကွက်ရှိ သုခိတာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်ပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးနှင့်ပါတ်သက်သည်များကို အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည့်အပြင် မသန်စွမ်းကလေးများအား တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်ရှိ ချမ်းမြေ့ဇေယျာစာသင်တိုက်သို့ သွားရောက်၍ ပဓာနနာယက ဆရာတော်ထံလှူဖွယ်ပစ္စည်းများနှင့် ဓမ္မစကူးလ်ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် အလှူငွေကျပ်(၃)သိန်းအား လှူဒါန်းခဲ့ပြီး ဓမ္မစကူးလ်သင်တန်းတက်ရောက်သည့် ကလေးငယ်များအား ကောင်းမွန်စွာပြုမူဆက်ဆံခြင်းဖြင့် ပြောင်းလဲမူတစ်ရပ်ရယူရန် ခေါင်းစဉ်ဖြင့် ဆွေနွေးဟောပြောကာ အချိုရည်နှင့်မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။