ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် သွားရောက်၍ MWCDF အသင်းဖွဲ့စည်းခြင်း

MWCDF အသင်းမှ ဥက္ကဋ္ဌနှင့် CEC များသည် (၂၅.၃.၂၀၁၉)ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့သို့ သွားရောက်ခဲ့ပါသည်။
ပုသိမ်မြို့၊ SWEM Hotel ၊ အစည်းအဝေးခန်းမတွင် ဖိတ်ကြားထားသော လူမှုရေး(ပရဟိတ)လုပ်ငန်း အား စိတ်ပါဝင်စားသူများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်လိုစိတ်ရှိသော ဒေသခံအမျိုးသမီး များ၊ အခြား NGO အဖွဲ့များနှင့်တွေ့ဆုံခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် အသင်းဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ မိတ်ဆက်စကားပြောကြားပြီး အသင်း အကြောင်းရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ တိုင်း/ပြည်နယ်များတွင် ခရိုင်မြို့နယ်၊ ကျေးရွာများအထိ လက်တွေ့ကျကျ အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လိုသောကြောင့် MWCDF အသင်းအဖွဲ့ ဖွဲ့စည်းရန် ယခုလိုလာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အသင်း တွဲဘက်အတွင်းရေးမှူးမှ အသင်း၏ ဆောင်ရွက်မှုလုပ်ငန်းများအား Documentary Film ပြသ၍ ရှင်းလင်းပြောကြားခြင်းနှင့် အသင်းမှ ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်ဖြစ်သော Good Treatment Program(ကောင်းမွန်စွာ ဆက်ဆံခြင်းမှသည် ပြောင်းလဲမှုတစ်ရပ်ဆီသို့) နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအတွက် MWCDF အသင်း အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်း ခဲ့ပါသည်။ ဧရာဝတီတိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များအတွက် အသင်းမှ မတည်ငွေ၊ အသင်းဝတ်စုံ၊ အသင်းမဂ္ဂဇင်း၊ ဗလာစာအုပ်၊ အသင်းရင်ထိုးတံဆိပ်များအား ပေးအပ်ခဲ့ပါသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် သွားရောက်၍ MWCDF အသင်းဖွဲ့စည်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: