အမျိုးသမီးနှင့်ကလေးသူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

MWCDF အသင်း ဥက္ကဋ္ဌနှင့် CECများသည် (၂၆.၃.၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီတွင် ပုသိမ် ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အရှေ့ချောင်းအုပ်စု၊ ကညင်ကုန်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအုပ်စု ပညာ ရေးကော်မတီနှင့် ဖိတ်ကြားထားသော ကိုယ်စားလှယ်(၁၅၀)ခန့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် အသင်းဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ အသင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အသင်း CEC ဒေါက်တာရီဘက်ခါထင်မှ ကမ္ဘာ့ကင်ဆာရောဂါနေ့(၂၀၁၉-၂၀၂၁) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ရင်သားကင်ဆာ၊ ခံတွင်း ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် လက္ခဏာများအကြောင်းနှင့် ကင်ဆာဖြစ်လာလျှင် ကာကွယ်ရေး၊ လျော့ချရေး ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။
တွဲဘက်အတွင်းရေးမှူးမှ အသင်းမှဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ဖြစ်သော Good Treatment Program(ကောင်းမွန်စွာ ဆက်ဆံခြင်းမှသည် ပြောင်းလဲမှုတစ်ရပ်ဆီသို့) နှင့် ပတ်သက်၍ အသိပညာပေးဆွေး နွေးခြင်း၊ ကျေးရွာများရှိ စာသင်ကျောင်းများတွင် Solar တပ်ဆင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း နှင့် အသင်းအမှုဆောင် ဦးလှထွန်းခိုင်မှ ကျေးရွာသူ/သား၊ လူငယ်များအတွက် တွေးခေါ်နိုင်စွမ်းနှင့် ပတ်သက် ၍ အသီးသီးဟောပြောဆွေးနွေးခဲ့ပြီး အသင်းဥက္ကဋ္ဌမှ လိုအပ်သည်များ ထပ်မံဆွေးနွေးကာ တက်ရောက် လာသော ကျေးရွာသူ/သားများ သိလိုသည်များကို ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီး ကျေးရွာသူ/သား များအတွက် ဗလာစာအုပ်များ၊ ကောင်းမွန်စွာဆက်ဆံခြင်းမှသည် ပြောင်းလဲမှုတစ်ရပ်ဆီသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါသည်။

အမျိုးသမီးနှင့်ကလေးသူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: