ဝဇီရာနန္ဒဓမ္မစင်တာကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

MWCDF အသင်းမှ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌနှင့် CECများသည်(၂၂.၃.၂၀၁၉)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ခွါညိုပန်း အဝိုင်းအနီး ဝဇိရာနန္ဒဓမ္မစင်တာကျောင်းတိုက်၌ ဆင်ယင်ကျင်းပသော ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒ န္တ နန္ဒမာလာဘိဝံသ၏ ၇၉-နှစ် ပြည့်မွေးနေ့ ဂုဏပူဇာ ဝိဇာတမင်္ဂလာ နှင့် ဝဇိရာနန္ဒဓမ္မစင်တာ သာသနိကအဆောက်အအုံများကို ရေစက်ချလှူဒါန်းခြင်းနှင့် ပင့်သံဃာတော် အပါး ၃၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
အသင်းမှ ဗလာစာအုပ်၊ ဒဏ်ကြေလိမ်းဆေးနှင့် CEC များမှ ဝတ္ထုငွေ ၊ သင်္ကန်း(၁)စုံ၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာ၊ ဖယောင်းတိုင်များ စုစုပေါင်း(၁၁)သိန်းဘိုး လောင်းလှူပူဇော်ခဲ့ကြပါသည်။

ဝဇီရာနန္ဒဓမ္မစင်တာကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: