လူထုအခြေပြု နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ ပညာပေးဟောပြောခြင်း အခမ်းအနား တက်ရောက်ခြင်း

(၂၇.၄.၂၀၁၉)နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး (နှလုံးရောဂါအထူးကုဌာန)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာနိုင်ငံဆရာဝန်အသင်း (လားရှိုး)တို့ ပူးပေါင်းဆောင်ရွက်သော “လူထုအခြေပြု နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ ပညာပေးဟောပြောခြင်း” အခမ်းအနားအား လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးဝင်းနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး သမားတော်ကြီီး ဒေါက်တာကောင်းညွန့်စံမှ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်ပြီး သတိပြုဖွယ်ရာများအား ဟောပြောခဲ့ပါသည်။
အခမ်းအနားသို့ ပြည်နယ် MMCWA, MWAF, MWCDF ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် မြို့မိ/မြို့ဖများ၊ သူနာပြုသင်တန်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။

လူထုအခြေပြု နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ ပညာပေးဟောပြောခြင်း အခမ်းအနား တက်ရောက်ခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: