MWCDFအသင်း၏ ၂၀၁၉ခုနှစ် Project တစ်ခုဖြစ်သော(Library Friendly Project) သြဂုတ်လ စတုတ္ထအပတ် လှုပ်ရှားမှု

(၂၁.၈.၂၀၁၉)ရက်နေ့ တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ Child Fund Korea ကိုရီးယားကလေးသူငယ်ရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှုဖြင့် နေပြည်တော်၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်နှင့်ပူးပေါင်း၍  စာကြည့် တိုက်ခင်တွယ်မှု စီမံကိန်း Library Friendly Project ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊အတွင်းရေးမှူ: နှင့် အဖွဲ့သည် အမျိုးသားစာကြည့်တိုက်၊ စာကြည့်တိုက်မှူ းများက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)မှ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၂)ဦးအား ဖိတ်ခေါ်၍ ပုံပြင်များပြောပြခြင်း၊ ပုံပြင်တွင်ပါ ဝင်သော ဇာတ်ကောင်များအား ပန်းချီဖြင့် သရုပ်ဖော်ခြင်း၊ မိမိကြိုက်နှစ်သက်ရာ မြန်မာစာ အုပ်ကိုဖတ်၍ တစ်ဖွဲ့ချင်း ဗဟုသုတ ဖလှယ်ခြင်း၊ ဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း၊ ပျော်ရွှင်စရာဂိမ်း ကစားခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ လူပုဂ္ဂိုလ်များ နေရာများ သဘာဝပတ်ဝန်းကျင်ရှိ အရာများ အဆောက်အဦးများ၏အမည်များဖြင့် ပုံပြင်များ ဇာတ်လမ်းများဖန်တီးခြင်း၊ လက်မှုပညာပြု လုပ်ခြင်းနှင့် စာကြည့်တိုက်အတွင်း လှည့်လည် ကြည့်ရှုခြင်း အစီ အစဉ်များ ဆောင်ရွက်ပေးနေမှု များအား ကြည့်ရှုခြင်းနှင့် ဆရာ/ဆရာမ များ၊ ကျောင်းသား/သူများ နေ့လည်စာအတွက် ရေသန့်ဘူးနှင့် ကြာဇံကြော်များ ကျွေးမွေးခဲ့ကြပြီး စာကြည့်တိုက်အတွင်းရှိ သမိုင်းဝင်စာအုပ်များ ထိမ်းသိန်းထား ရှိမှုများအား ကြည့်ရှု့လေ့လာခဲ့ကြပါသည်။

ကျောင်းသားကျောင်းသူများ၏ Library Program လှုပ်ရှားမှု့များကို ကြည့်ရှုလေ့လာခြင်း
ကျောင်းသားကျောင်းသူများ၏ Library Program လှုပ်ရှားမှုများကို ကြည့်ရှုလေ့လာခြင်း
ဆရာ/ဆရာမ များ၊ ကျောင်းသား/သူများ ကိုနေ့လည်စာ အတွက် ရေသန့်ဘူးနှင့် ကြာဇံကြော်များ ကျွေးမွေးခြင်း

 

MWCDFအသင်း၏ ၂၀၁၉ခုနှစ် Project တစ်ခုဖြစ်သော(Library Friendly Project) သြဂုတ်လ စတုတ္ထအပတ် လှုပ်ရှားမှု
%d bloggers like this: