မွန်ပြည်နယ်ရှိရေဘေးဒဏ်ခံစားခဲ့ရသူများအားထောက်ပံ့လှူဒါန်းခြင်း

(၂၁.၈.၂၀၁၉)ရက်နေ့တွင်မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) မှ တွဲဘက်အတွင်းရေးမှူး နှင့် CECများ၊ ပြည်နယ်MWCDFအဖွဲ့ဝင်များသည် ရေးမြို့နယ်၊ ကျောင်းရွာအုပ်စု၊ ကံလှကျေးရွာသို့ရောက်ရှိပြီး ရေဘေးဒဏ်ခံစားခဲ့ရသော အိမ်ထောင်စု(၉၈)အိမ်မှ ကျေးရွာသူ/သားများနှင့် တွေ့ဆုံ၍ ရေဘေးသင့်ခဲ့သော မိသားစုများအား နှစ်သိမ့်အားပေးစကားပြောကြား၍ အိမ်ထောင်စုများအတွက် စောင်၊ ခြင်ထောင်၊ အဝတ်အထည်များ၊ မျက်နှာသုတ်ပုဝါ၊ ပုဇွန်ခြောက်ကြော်၊ လက်ဖက်အကြော်စုံ၊ ငါးသေ တ္တာ၊ ဖယောင်းတိုင်များ ပေးအပ်ခဲ့ကြပါသည်။
၎င်းကျေးရွာတွင် ရေးမြို့နယ်၊ ကျောင်းရွာမှ တစ်ရွာလုံးရေနစ်မြုတ်ပြီး ရေဘေးသင့်ဒဏ်ခံစားခဲ့ရ၍ ကံလှရွာ တွင် ရောက်ရှိနေသော ရေဘေးသင့် အိမ်ထောင်စု(၆၅)စုမှ ကျေးရွာသူ/သားများအတွက် လိုအပ်လျှက်ရှိသော သောက်ရေသန့်(၁၂၇)ကဒ်၊ လက်ဖက်အကြော်စုံ၊ ပုဇွန်ခြောက်ကြော်၊ ဖယောင်းတိုင်များ ပေးအပ်လှူဒါန်းခဲ့ပြီး နှစ်သိမ့််အားပေးစကားများ ပြောကြားခဲ့ကြပါသည်။

ရေဘေးဒဏ်ခံစားခဲ့ရသူများအားထောက်ပံ့လှူဒါန်းခြင်း
ရေဘေးဒဏ်ခံစားခဲ့ရသူများအားထောက်ပံ့လှူဒါန်းခြင်း
ရေဘေးဒဏ်ခံစားခဲ့ရသူများအားထောက်ပံ့လှူဒါန်းခြင်း

 

မွန်ပြည်နယ်ရှိရေဘေးဒဏ်ခံစားခဲ့ရသူများအားထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: