(၃၀.၈.၂၀၁၉)ရက်နေ့တွင် တောင်ကြီးမြို့ ခိုင်မေတ္တာ ဆေးရုံအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ရှမ်းပြည်တောင်ပိုင်း) ဥက္ကဌ သုဓမ္မသိင်္ဂီ ဒေါ်ကေသီအောင်နှင့် ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက် အတွင်းရေးမှူး အလုပ်အမူဆောင်များ ဦးဆောင်ကာ လစဉ်အစည်းအဝေးကို ကျင်းပ ခဲ့ကြပါသည်။
ဆက်လက်၍အသင်းကြီး၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ကြပြီး စက်တင်ဘာလအတွက် အမျိုးသမီး ငယ်များနှင့် ကလေးငယ်များအတွက် အလှူပြုမည့် ကျောင်းကို သတ်မှတ်ဆုံးဖြတ်ခဲ့ကြပါသည်။ ယခင်လ လုပ်ငန်းများ၏ ပရဟိတဆောင်ရွက်ချက်များအတွက် အားသာချက် အားနည်းချက် ငွေစာရင်းရှင်းတမ်းနှင့်အတူ လစဉ် ပြန်တမ်းများကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ရုံးသို့ သတင်းပို့ရမည့် အချက်အလက်များကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက်သာမန်အသင်းဝင်များဖြစ်စေ၊အလုပ်အမူဆောင်များဖြစ် စေ အသင်းမှရေရှည် ပရဟိတ လစဉ် အလှူ ၁၀၀၀ ကျပ် ရန်ပုံငွေကို မိမိတို့ဆန္ဒဖြင့် လှူဒါန်းလိုသူများအတွက် လက်ခံပေးကြရန် ဆွေးနွေးတိုင်ပင်သဘောတူကြပြီး အစည်းအဝေးတက်ရောက်ကြသော ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် တကွ အဖွဲ့ဝင်အလုပ်အမူဆောင်များက မိမိတို့ ဆန္ဒဖြင့် အသင်းလစဉ်ရန်ပုံငွေအတွက် ဦးဆောင်ကာ အလှူငွေ ပေးအပ်ခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။