ညောင်ရွှေမြို့နယ် ဖွဲ့ဇင်း-ငါးဆူကျေးရွာတွင် သွားရောက်လှူဒါန်းခြင်း

(၃၁.၈.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ရှမ်းပြည်တောင်ပိုင်း) မှ အလုပ်အမှုဆောင်များသည် CSO network ECCD ဥက္ကဌဒေါ်ခင်မာလွင် နှင့်အတူ ညောင်ရွှေမြို့နယ် ဖွဲ့ဇင်း-ငါးဆူကျေးရွာတွင် တည်ရှိသော ကလေးသူငယ်ပြုစုစောက်ရှောက်ရေး ဂေဟာအတွင်းရှိ ကလေးများအတွက် အာဟာရတိုက် ကျွေးရန်အလှူငွေ(၂၀၀၀၀) ကျပ်လှူဒါန်းပြီးနောက်မူလတန်းလွန်ကျောင်းသို့ သွားရောက်ကာ ကျောင်းအုပ်ကြီးနှင့်ဆွေးနွေး၍ ကလေး များနှင့် မိဘများ သိရှိစေရန် ရည်ရွယ်ကာ  ပညာပေး ပိုစတာများကပ်ရန်ပြုလုပ်လှုဒါန်းခြင်း၊ လှုမှုရေးအခက်အခဲဖြစ်နေသော ကျောင်းသူအား သွားရောက်တွေ့ဆုံကာ
မိဘများနှင့်တိုင်ပင်၍ ကလေး ၏အနာဂါတ်လှပစေရန် တိုင်ပင်ဆွေးနွေးကြပြီးအစားအသောက်များ၊ နို့မှုန့်များ၊ အားဆေးများ သွားရောက်အကူအညီပေးခဲ့ကြပါသည်။ MWCDFအသင်း၏ ဆောင်ပုဒ်ဖြစ်သော ” လုံခြုံလှပဘဝများ အမျိုးသမီးနှင့် ကလေးတိုင်းရစေသား” ဆိုသည့်ဆောင်ပုဒ်အတိုင်း ဆက်လက်ကြိုးစားအကောင်အထည်ဖော် လုပ်ဆောင်သွားကြမည်ဖြစ်ပါသည်။

လှုမှုရေးကိစ္စကြောင့် အခက်အခဲဖြစ်နေသော ကျောင်းသူလေး၏မိဘများနှင့်ဆွေးနွေးတိုင်ပင်ခြင်း
မူလတန်းလွန်ကျောင်း၌ပညာပေးပိုစတာများကပ်၍အသိပညာပေးခြင်း
ကလေးသူငယ်ပြုစုစောက်ရှောက်ရေး ဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

 

ညောင်ရွှေမြို့နယ် ဖွဲ့ဇင်း-ငါးဆူကျေးရွာတွင် သွားရောက်လှူဒါန်းခြင်း
%d bloggers like this: