(၂.၉.၂၀၁၉)နေ့တွင် တနင်္သာရီတိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း အသင်း(MWCDF)မှ အလုပ်အမှုဆောင်များသည် ထားဝယ်မြို့၊ ဆန်းချီ(၁) ကျေးရွာ အ.မ.က ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူ (၅၀)ဦးအတွက် ဗလာစာအုပ်(၁၅) ဒါဇင်၊ ဘောပင်၅၀ချောင်းပါ(၁၀)ဗူး၊ ခဲတံ၁၂ချောင်း ပါ(၅)ဗူးနှင့် အာဟာရကိတ်မုန့်(၁၁၀)ထုပ် တို့ကို ကျောင်းသား/သူများ၊ မိဘများ၊ ဆရာ/ဆရာမများအတွက်ကိုယ်တိုင်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် အတူလိုက်ပါလာသည့် မြို့မယဉ်ငေး ဆရာတော်၊ ဇေယျဝတီ ကျောင်းတိုက်ဆရာတော် ၊ ထားဝယ် ဗုဒ္ဓကော လိပ်မှမော်ကွန်းထိန်းနှင့်ကထိကများ၊ သံဃာတော်အချို့လည်းလိုက်ပါခဲ့ကြပြီး မြို့မယဉ်ငေးဆရာတော်မှ ကလေးများအတွက် ဝတ်စုံများ၊ ဗလာစာအုပ်၊ ဘောပင်များ၊ ခဲတံများလှူဒါန်းရာ ကလေးများက သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူကြပြီး တရားတော်များနာယူကာ ရေစက်ချတရားနာယူခြင်းနှင့် ရွှေမိုးငွေမိုးများကြဲလှူ ခဲ့ကြပါသည်။