MWCDFအသင်း၏ ၂၀၁၉ခုနှစ် Project
တစ်ခုဖြစ်သော(Library Friendly Project)
စက်တင်ဘာလ ဒုတိယအပတ် လှုပ်ရှားမှု
******************************
မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ Child Fund Korea ကိုရီးယားကလေးသူငယ်ရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှုဖြင့် နေပြည်တော်၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်နှင့်ပူးပေါင်း၍ (၁၁.၉.၂၀၁၉)ရက်နေ့တွင် စာကြည့် တိုက်ခင်တွယ်မှု စီမံကိန်း Library Friendly Project အစီအစဉ်အား နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.လ.က မအူလေးပင်မှ ကျောင်းသား/သူ စုစုပေါင်း (၁၀၀)ဦးအား ဖိတ်ခေါ်၍ စာကြည့်တိုက်မှူးများက ပုံပြင်များပြောပြခြင်း၊ ပုံပြင်တွင်ပါဝင်သော ဇာတ်ကောင်များအား
ပန်းချီဖြင့် သရုပ်ဖော်ခြင်း၊ မိမိကြိုက်နှစ်သက်ရာ မြန်မာစာအုပ်ကိုဖတ်၍ တစ်ဖွဲ့ချင်း ဗဟုသုတ ဖလှယ်ခြင်း၊ ဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း၊ ပျော်ရွှင်စရာဂိမ်း ကစားခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ လူပုဂ္ဂိုလ်များ နေရာများ သဘာဝပတ်ဝန်းကျင်ရှိ အရာများ အဆောက်အဦများ၏အမည်များဖြင့် ပုံပြင်များ ဇာတ်လမ်းများဖန်တီးခြင်း၊ လက်မှုပညာပြု လုပ်ခြင်းနှင့် စာကြည့်တိုက်အတွင်း လှည့်လည် ကြည့်ရှုခြင်း အစီအစဉ်များ ဆောင်ရွက်ပေးခြင်းနှင့် ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများအား အချိုရည်နှင့် ပေါင်မုန့်များ ကျွေးမွေးခဲ့ကြပါသည်။