(၁၁.၉.၂၀၁၉) နေ့ ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့အလုပ်ရုံဆွေးနွေးပွဲ ကို ဗမာတိုင်းရင်း သားဝန်ကြီး ဒေါက်တာအောင်သန်းမောင် နှင့် အတူလူမှုဝန်ထမ်းလူကယ်ပြန်ညွှန်မှုး ဦးထွန်းဦး ၊သဘာဝဘေးကယ်ဆယ်ရေးညွှန်မှုးဦးစိုးနိုင်၊မောက်မယ် မြို့နယ်အုပ်ချုပ်ရေးမှုး ၊ဌာနဆိုင်ရာ အရာရှိ များ၊ ဒေသခံမြို့မိမြို့ဖများနှင့်အတူ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ
ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ထိုအလုပ်ရုံဆွေး နွေးပွဲတွင် MWCDF (sss) ဥက္ကဌ ဒေါ်ကေသီအောင်မှ “ သက်ငယ်မုဒိမ်း ကင်းစင်ရေး အားလုံးပူးပေါင်း ပါဝင်ပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကာ မြို့လည်တွင် ပညာပေးပိုစတာများကပ်ရန် အုပ်ချုပ်ရေးမှုသို့ ပိုစတာ များပေးအပ်ခြင်း တက်ရောက်လာသူများကို လက်ကမ်းစာ စောင်များပေးကမ်းခြင်း များပြုလုပ်ကာ မြို့၏ တိုးတက်ရေးနှင့် အသင်း ၏ဆောင်ပုဒ်အတိုင်း အမျိုးသမီးနှင့်ကလေးများဘဝအတွက် ပါဝင်ဆွေးနွေး အားဖြည့်ခဲ့ပါသည်။
“ လုံခြုံလှပဘဝများအမျိုးသမီးနှင့်ကလေးတိုင်းရစေသား “
အလုပ်ရုံဆွေးနွေးပွဲ အစည်းအဝေးတက်ရောက်ခြင်း