MWCDFအသင်း၏ ၂၀၁၉ခုနှစ် Project
တစ်ခုဖြစ်သော(Library Friendly Project)
စက်တင်ဘာလ ဒုတိယအပတ် လှုပ်ရှားမှု 
******************************
မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ Child Fund Korea ကိုရီးယားကလေးသူငယ်ရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှုဖြင့် နေပြည်တော်၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်နှင့်ပူးပေါင်း၍ (၁၂.၉.၂၀၁၉)ရက်နေ့ တွင် စာကြည့်တိုက်ခင်တွယ်မှု စီမံကိန်း Library Friendly Project အစီအစဉ်အတွက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာ အ.လ.က ရတနာစံပြ(ဘ.က)ကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း (၁၀၀)ဦးအား ဖိတ်ခေါ်၍ စာကြည့်တိုက်မှူးများမှ ပုံပြင်များပြောပြခြင်း၊ ပုံပြင်တွင်ပါ ဝင်သော ဇာတ်ကောင်များအား ပန်းချီဖြင့် သရုပ်ဖော်ခြင်း၊ မိမိကြိုက်နှစ်သက်ရာ မြန်မာစာ အုပ်ကိုဖတ်၍ တစ်ဖွဲ့ချင်း ဗဟုသုတ ဖလှယ်ခြင်း၊ ဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း၊ ပျော်ရွှင်စရာဂိမ်း ကစားခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ လူပုဂ္ဂိုလ်များ နေရာများ သဘာဝပတ်ဝန်းကျင်ရှိ အရာများ အဆောက်အဦးများ၏အမည်များဖြင့် ပုံပြင်များ ဇာတ်လမ်းများဖန်တီးခြင်း၊ လက်မှုပညာပြု လုပ်ခြင်းနှင့် စာကြည့်တိုက်အတွင်း လှည့်လည် ကြည့်ရှုလေ့လာခြင်း၊ ဆောင်ရွက်ပေးနေမှုများကို MWCDFအသင်း အလုပ်အမှုဆောင်များမှ သွားရောက်အားပေးခဲ့ပြီး ကျောင်းသား/သူများအား မိမိတို့ လေ့လာထားရှိမှုများကို  မေးမြန်းခြင်းနှင့်  
ယခုလိုလေ့လာရေးပို့ဆောင်ပေးရတဲ့ ရည်ရွယ်ချက်ကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဆရာ/ဆရာမ များ၊ ကျောင်းသား/သူများ အတွက် နေ့လည်စာကို MWCDF အသင်းမှ ထမင်းဘူးများဖြင့် ကျွေးမွေးခဲ့ပြီး စာကြည့်တိုက်မှလည်း အဆာပြေ ကော်ဖီမုန့် အအေးများကျွေးမွေးခဲ့ပါသည်။
“ စာဖတ်ခြင်းအလေ့အထကို ငယ်ရွယ်စဉ်အချိန်မှပင် လေ့ကျင့်ခြင်းမှသည် စာဖတ်အားကောင်းသောလူငယ်များ ဖြစ်လာစေဖို့ စာကြည့်တိုက်များသို့ စာဖတ်ကြပါစို့ “












