ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား
===========================
စက်တင်ဘာလ(၂၂)ရက်နေ့ ညနေ(၄)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ အား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ MWCDF အသင်းကြီးမှ ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါ သည်။
ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အခွင့်အရေးများကို သာတူ ညီမျှခံစားရရှိရေးအတွက် ကြိုးစားဖော်ဆောင်ပေးလျက် ရှိကြောင်း၊ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ခြင်း ကိုလည်း တစ်နိုင်ငံလုံးလွှမ်းခြုံမှုရရှိစေရန် ထောက်ပံ့ပေး လျက်ရှိကြောင်း၊ မသန်စွမ်းဖြစ်မှုကိုလျော့နည်းအောင် ကြိုတင်ကာကွယ်သည့် နည်းလမ်းများ လည်းရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ သက်ကြီး ရွယ်အိုကဏ္ဍ စသည်ဖြင့် ကျယ်ပြန့်သောကြောင့် ပြည်သူများ၊ အဖွဲ့အစည်းများက အားလုံးပူးပေါင်းကူညီကြစေလိုကြောင်း အဖွင့်အမှာ စကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းမှ မသန်စွမ်းသူများအတွက် အားပေးစကား ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်တို့မှ မသန်စွမ်း(၁၅၄၉၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၄၆၄၇၃၀၀၀၀)ကျပ်အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ဝန်ကြီးများနှင့် မသန်းစွမ်းသူများထံသို့လည်းကောင်းထောက်ပံ့ပေးအပ်ခဲ့ကြပြီး မသန်စွမ်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ယနေ့ ထောက်ပံ့ငွေပေးအပ်ရာတွင် ပဲခူးခရိုင်မှ မသန်စွမ်းသူ(၅၈၇၉)ဦး၊ တောင်ငူခရိုင်မှ မသန်စွမ်းသူ (၅၆၂၃)ဦး၊ ပြည်ခရိုင်မှမသန်စွမ်းသူ (၂၈၃၃)ဦး၊ သာယာဝတီခရိုင်မှ မသန်စွမ်းသူ(၁၁၅၆)ဦး၊ စုစုပေါင်း မသန်စွမ်းသူ(၁၅၄၉၁)ဦးအတွက် တစ်ဦးလျှင်(၃၀၀၀၀ိ/)ကျပ်နှုန်းဖြင့် စုစုပေါင်း(၄၆၄၇၃၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။
အခမ်းအနားအပြီးတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ ပဲခူးတိုင်းဒေသကြီး
မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များအားတွေ့ဆုံ အမှာစကား ပြောကြားသွားခဲ့ပါသည်။