(၉.၃.၂၀၂၀) တောင်ကြီးမြို့၊ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် ၌ သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့် ကလေး (၁၀၀) ကျော်ကို သက်ငယ်မုဒိမ်းနှင့်ပါတ်သက်သည့် အန္တရာယ် မည်သို့ကာကွယ်ဆောင်ရွက်ရန်၊ ရှောင်ကြဉ်ရမည့် လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ရှမ်းတောင်၏ဥက္ကဌ သုဓမ္မသိင်္ဂီဒေါ်ကေသီအောင် က ဟောပြောသင်ကြားကာ ကလေးများအား ပြန်လှန်မေးခွန်းများမေးကြားခြင်း၊ ဖြေဆိုနိုင်သည့် ကလေးများကို ဆုငွေများချီးမြှင့်ကာ ချီးကျုးစကားဆိုဖြစ်ခဲ့ပါသည်။
မိမိတို့အသင်း၏ ဆောင်ပုဒ်ဖြစ်သည့် “လုံခြုံလှပဘဝများအမျိုးသမီးနှင့်ကလေးတိုင်း ရစေသား” ဆောင်ပုဒ်အား တပြိုင်နက်ရွတ်ဆိုခြင်း မေတ္တာကမ္ဘာအစီအစဉ်တိုင်း တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းမေတ္တာစကားဆိုကာ အပြန်အလှန်တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။
သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့် ဟောပြောခြင်း