(၉-၃-၂၀၂၀)ရက်နေ့ နံနက်(၉းဝဝ)နာရီအချိန် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ ဓမ္မစင်္ကြာကျေးရွာခန်းမ ဆောင်တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေး အသင်း(MWCDF)(ကယားပြည်နယ်)မှ Good Treatment Program(မေတ္တာကမ္ဘာပျိုးထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ) သင်တန်းဖွင့်လှစ်ခဲ့ပါသည်။
ပထမဦးစွာ ပြည်နယ်အဖွဲ့ဝင် ဒေါ်ဗျားမြာမောင်မှ (MWCDF) အဖွဲ့နှင့် သင်တန်းသူများအား ရင်းရင်းနှီးနှီး မိတ်ဆက်ပေးပါသည်။
ပြီးနောက် ပြည်နယ်အဖွဲ့ဝင် ဒေါ်နှင်းနှင်းရီမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်အဖွဲ့ဝင် ဒေါ်ခင်သန္တာထွန်းမှ သင်တန်းဖွင့်လှစ် ရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေး အသင်း(MWCDF)(ကယားပြည်နယ်)မှ Good Treatment Program(မေတ္တာကမ္ဘာပျိုးထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ) သင်တန်းဖွင့်ပွဲသို့ ကယားပြည်နယ် ( MWCDF)အဖွဲ့ ပြည်နယ်အဖွဲ့ဝင် ဒေါ်ဗျားမြာမောင်၊ ဒေါ်နှင်းနှင်းရီ၊ ဒေါ်ခင်သန္တာထွန်း၊ ဒေါ်မူတာဒေး၊
ဒေါ်စောမြင့်ထွေးနှင့်ဒေါ်စောမြ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ( MWCDF)အဖွဲ့ ပြည်နယ် အဖွဲ့ဝင် ဒေါ်အေးအေးခိုင်နှင့် ဓမ္မစင်္ကြာ ကျေးရွာရှိ သင်တန်းသူများ စုစုပေါင်း(၄၅)ဦးတက်ရောက်ကြ ပါသည်။
သင်တန်းကို သင်တန်းသူ (၃၈)ဦးဖြင့် သင်တန်းပို့ချပြီး ညနေ (၄းဝဝ)နာရီအချိန်အထိပို့ချခြင်းနှင့် သင်တန်းအပြီးတွင် တက်ရောက်လာကြသော သင်တန်းသူများအား ကယားပြည်နယ် ( MWCDF)မှ တာဝန် ရှိသူများက တစ်ဦးချင်း အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ပါသည်။
ကယားပြည်နယ် MWCDF အသင်းမှ Good Treatment Program(မေတ္တာကမ္ဘာပျိုးထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ) သင်တန်းဖွင့်လှစ်ခြင်း