Covid-19 အတွက် အလှူငွေလှူဒါန်းခြင်းနှင့် ပရဟိတကျောင်းများသို့ ထောက်ပံ့လှူဒါန်းရန် ဆွေးနွေးခြင်း

(၈.၄.၂၀၂၀)ရက်နေ့(၁၄းဝဝ)နာရီတွင် MWCDF ရုံးချုပ်၌ အသင်းဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး နှင့် CECများသည် (COVID-19) ရောဂါနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပြီး အသင်းမှ တက်အားသရွှေ့အလှူငွေနှင့် ပစ္စည်းများလှူဒါန်းရန် ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ အသင်းဒုဥက္ကဌနှင့်အဖွဲ့သည် (Covid-19) ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ကော်မတီသို့ Bank Account မှ တစ်ဆင့် ငွေကျပ်(၁၀)သိန်းလှူဒါန်းခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ (ဘ.က)ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတကျောင်းများအား သင်္ကြန်ပိတ်ရက်များတွင် အခက်အခဲမရှိစေရန် ဆန်၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်းရန် ဆွေးနွေးခဲ့ပါသည်။

Covid-19 အတွက် အလှူငွေလှူဒါန်းခြင်းနှင့် ပရဟိတကျောင်းများသို့ ထောက်ပံ့လှူဒါန်းရန် ဆွေးနွေးခြင်း
%d bloggers like this: