(၁၃.၁၀.၂၀၂၀)ရက်နေ့
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကြီးမှူး၍ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့- ၂၀၂၀ (International Day For Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အခမ်းအနားသို့ MWCDF အသင်းမှ ဒုက္ကဌ ဒေါ်စုညွန့်ဦးနှင့် အတွင်းရေးမှူး ဒေါ်မေမြင့်မောင်တို့ တက်ရောက်ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်အတွက် IDDRR အခမ်းအနားကို It’s All About Governance “ ပေါင်းစည်းညီညွတ်သော စီမံဆောင်ရွက်မှုမှသည် သဘာဝဘေးလျော့ပါးရေး ဆီသို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့-၂၀၂၀ အခမ်းအနား တက်ရောက်ခြင်း