(၂၀.၁၁.၂၀၂၀)ရက်နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံဦးကျောင်းတိုက်၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ၏ တတိယအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို Covid-19 ကာလ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သံဃာတော်အရှင်မြတ်များအား ကထိန်ညှပ်ကြီးသင်္ကန်းနှင့် အရံသင်္ကန်း(၁၀)စုံကပ်လှူခြင်း၊ ၀တ္ထုငွေ-(၁,၈၇၀,၀၀၀)ကျပ်၊ သံဗီဒို(၁)လုံး၊ ဆေးဝါးများ၊ လက်ဆေးဆပ်ပြာများ၊ Maskဗူးများ နှင့် အခြားလှူဘွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ ကထိန်အလှူ ရေစက်ချတရားနာယူကာ စုစုပေါင်း အလှူတော်-(၂,၇၅၂,၅၀၀)ကျပ်ကို ရေစက်ချလှူဒါန်းခဲ့ပါသည်။ ၎င်းနောက် သံဃာတော်အရှင်မြတ်များနှင့် သာမဏေများကို နေ့ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။